
လမ်းလျှောက်ရင်း ခြေချင်းဝတ်လိမ်တာမျိုး မဖြစ်ခင်မှာ အခုဖော်ပြမယ့် ခြေချင်းဝတ်ကို သန်မာစေတဲ့ ယောဂကျင့်စဉ်တွေကို လေ့ကျင့်ခန်းလုပ်ပါ။ ခြေချင်းဝတ်ကို သန်မာစေဖို့နဲ့ တည်ငြိမ်မှုရှိစေဖို့အတွက် ယောဂအခြေခံလေ့ကျင့်ခန်း ၃ မျိုးကို ဖော်ပြထားပါတယ်။ အထူးသဖြင့် ခြေချင်းဝတ်လိမ်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
Easy Pose (Sukhasana) - ခြေစုံပူးပြီးထိုင်တဲ့အခါ ခြေဖဝါးရဲ့ ခြေချောင်းသေးဘက်ကို ဖိအားပေးပါ။ ဒါက ခြေချင်းဝတ်ရဲ့အပြင်ဘက်ကြွက်သားတွေကို အလုပ်လုပ်စေပြီး ခြေချင်းဝတ်ရဲ့အပြင်ဘက်အရိုးတွေကို မြှင့်တင်ပေးပါတယ်။ ဒီအနေအထားမှာ ခြေချင်းဝတ်နဲ့ ကြမ်းပြင်ကြား နေရာလွတ်ရအောင် တွေးကြည့်ပါ။
Side Plank (Vasisthasana) - Side Plank လုပ်တဲ့အခါ အောက်ခြေမှာရှိတဲ့ ခြေဖဝါးရဲ့ ခြေချောင်းသေးဘက်ကို သတိရှိရှိဖိထားပြီး ခြေချင်းဝတ်ရဲ့အပြင်ဘက်အရိုးကို ကြမ်းပြင်နဲ့ခွာထားပါ။ ခြေထောက်အပြင်ဘက်ကနေ ခန္ဓာကိုယ်အပေါ်ပိုင်းအထိ ဇစ်ပိတ်လိုက်သလိုမျိုး စိတ်ကူးကြည့်ပါ။ တည်ငြိမ်မှုရှိစေဖို့အတွက် ကြွက်သားတွေကို အလုပ်ပေးပါ။
Balancing Poses (with Tiptoe Work) - ခြေဖျားထောက်ပြီး ဟန်ချက်ထိန်းတဲ့အနေအထားတွေမှာ ခြေချင်းဝတ်တည်ငြိမ်မှုကို စိန်ခေါ်ပါ။ ခြေဖဝါးရဲ့ ဘောလုံးပေါ်မှာ အညီအမျှအလေးချိန်ကျအောင် ထားပါ။ ခြေချင်းဝတ်ရဲ့အပြင်ဘက်ကြွက်သားတွေကို အလုပ်ပေးပြီး အပြင်ဘက်ခြမ်းကို အလေးချိန်မရောက်အောင် ကာကွယ်ပါ။ ခြေချင်းဝတ်နှစ်ဖက်ကြားမှာ ဘလောက်တစ်ခု (Block) ထားတာ၊ ခြေဖနောင့်နှစ်ဖက်ကြား တင်းနစ်ဘောလုံး (Tennis Ball) ထားတာတွေက လေ့ကျင့်ခန်းလုပ်တဲ့အခါ ပိုပြီးထိရောက်စေပါတယ်။